ဖေမြင့်

ဦးဖေမြင့်အား ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အဖ ဦးအောင်ငြိမ်း၊ အမိ ဒေါ်ခင်သိန်း တို့မှ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် မွေးဖွားသည်။ သံတွဲမြို့ အစိုးရအထက်တန်းကျောင်း အမှတ် (၁) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ၁၉၇၅ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ အမ်ဘီဘီအက်စ်ဘွဲ့ ရသည်။[၆] ဆေးကျောင်းသားဘ၀မှ စတင်၍ စာပေရေးသားခဲ့သည်။ ၁၉၇၇-ခုနှစ်မှ ၁၉၇၈-ခုနှစ်အတွင်း အထွေထွေကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် အထိ ပြင်ပ အထွေထွေ ရောဂါကု ဆရာဝန် အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၎င်းနောက်တွင် စာပေလုပ်ငန်း တစ်ခုတည်းကိုသာ စူးစိုက် လုပ်ကိုင် ခဲ့သည်။
တက္ကသိုလ်ကျောင်းသားဘဝကစ၍စာများ စတင်ရေးသားသည်။ အစပိုင်းတွင် ဘာသာပြန်ဝတ္ထုများ၊ ထိုနောက် ၁၉၈၆ ခုနှစ်က စ၍ ပင်ကိုယ်ရေးဝတ္ထုတိုများ ရေးသားသည်။ ၁၉၈၉ ခုနှစ်စ၍ အတ္ထုပ္ပတ္တိနှင့် အသုံးချစိတ်ပညာဆိုင်ရာစာပေများ ရေးသားပြုစုခဲ့သည်။
“စာပေဂျာနယ်” ကို စတင်စီစဉ်သူတစ်ဦးဖြစ်၍ ဂျာနယ် အမှတ် – ၁၂ အထိ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ဇန်နဝါရီမှ ၁၉၉၁ အကုန်ပိုင်းအထိ “သင့်ဘဝ မဂ္ဂဇင်း” အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ပြီး၊ ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလက စတင်၍ “ဒီလှိုင်းမဂ္ဂဇင်း” ၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခ   View More ...

ဖေမြင့် ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us