ဆင်ဖြူကျွန်းအောင်သိန်း

မကွေးတိုင်း ဆင်ဖြူကျွန်းမြို့နယ်၊ ယမ်းဖိုကျွန်းရွာဇာတိ ၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ ( ၁၀ ) ရက်နေ့တွင် အဖ ယာသမား ဦးရွှေစံ၊ အမိ ဒေါ်ငွေဇင်တို့မှ ဖွားမြင်သော သားသမီးလေးယောက် အနက် စတုတ်ထသား ဖြစ်သည်။ အမည်ရင်း ဦးကြည်အေး ဖြစ်သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ဆင်ဖြူကျွန်းဒိစတြိတ်ကောင်စီ အထောက်အပံ့ခံ မူလတန်းကျောင်းနှင့် ဆင်ဖြူကျွန်း ဦးဖိုးသိန်း အလယ်တန်းကျောင်းတို့တွင် မူလတန်းနှင့် အလယ်တန်း ပညာများ သင်ခဲ့၏။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဆင်ဖြူကျွန်း ဆရာနွယ် အထက်တန်းကျောင်းတွင် အထက်တန်းပညာသင်ခဲ့၏။ ၁၉၅၅ တွင် ဂွတ္တလစ်ကျောင်းသားဂုဏ် အလွတ်ပညာသင်ကျောင်း၌ ဆက်လက်ပညာသင်ယူခဲ့ရာ ၁၉၅၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ခဲ့သည်။
၁၉၅၀ - ၁၉၅၁ တွင် မြေပြင်ပစ် အမြောက်ကြီးတပ် တပ်ရင်း (၁ ) ၌ တပ်သားအဖြစ် ၁၉၅၃ အထိ အမှုထမ်းသည်။ ၁၉၅၁ ခုနှစ်တွင် ရွှေဇင် အမည်ဖြင့် တိုင်းသစ်ဂျာနယ်၌ ကဗျာများ ရေးသားခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ဆင်ဖြူကျွန်းအောင်သိန်း ကလောင် အမည်သို့ ပြောင်းလဲ ခဲ့သည်။
ထို့နောက် ၁၉၅၇ - ၅၈ တွင် ရုပ်ရှင်ပဒေသာ မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ၊ ၁၉၅၈ - ၅၉ တွင် ရုပ်ရှင် လောက၊ ယနေ့ရုပ်ရှင်နှင့် နတ်သျှင်နောင် စာစောင်တို့တွင် တာဝန်ခံအယ်ဒီတာ ၊   View More ...

ဆင်ဖြူကျွန်းအောင်သိန်း ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us