နိုင်ဝင်းဆွေ

နိုင်ဝင်းဆွေသည် မဟူရာမေတ္တာ ဝတ္ထုဖြင့် ၁၉၆၀-ခုနှစ်ဝန်းကျင်လောက်တွင် မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြား လာခဲ့သော စာရေးဆရာ၊ ကဗျာဆရာ၊ နိုင်ငံရေးသမား တစ်ဦးဖြစ်သည်။
နိုင်ဝင်းဆွေအား အဘ ဦးဖိုးမြိုင် အမိ ဒေါ်ဖွားဆိုင်တို့မှ ၁၉၄၁ ခုနှစ်တွင် တောင်ငူအပိုင်၊ ကျွန်းကုန်းတိုက်နယ်၊ ချင်းကုန်းကျေးရွာတွင် မွေးဖွားခဲ့သည်။ မိဘများမှာ လယ်သမားများ ဖြစ်ကြပြီး မွေးချင်းငါးဦးအနက်စတုထ္ထသားဖြစ်သည်။ အမည်ရင်းမှာ ဦးမောင်ကျော်ဖြစ်သည်။
ချောင်းဖြူကျေးရွာ(မန္တလာကျောင်း)၌ ၄တန်းအထိ ပညာသင်ကြားခဲ့ပြီး၊ အလယ်တန်းပညာကိုကျွန်းကုန်းရွာ၊ စက်ရုံအလယ်တန်းကျောင်းတွင် ၇ တန်းအထိ ဆက်လက်သင်ယူခဲ့ပြီး ရေတာရှည်မြို့ အ.ထ.က. ကျောင်းမှ ၁၀-တန်းအောင်မြင်ခဲ့သည်။ ၁၀-တန်းအောင်မြင်ပြီးနောက် မြန်မာ့မီးရထားဌာန၊ ညောင်လေးပင်ဘူတာ၌ဝင်ရောက် အမှုထမ်း ခဲ့သည်။
စာပေနယ်သို့ ၁၉၆၆ ခုနှစ် ဧပြီလ ရှုမဝမဂ္ဂဇင်း၌ မဟူရာမေတ္တာ အခန်းဆက်ဝတ္ထုရှည်ဖြင့် စတင် ဝင်ရောက်ခဲ့ပြီး ထိုစာမူဖြင့်ပင် ကျော်ကြားသောပင်ကိုဟန် ဝတ္ထုရေးဆရာတစ်ဦး ဖြစ်ခဲ့သည်။
သူ၏ထင်ရှားသော စာပေလက်ရာများမှာ မဟူရာမေတ္တာ၊ နွေတည၊ မသိန်းရှင်ဆီပို့ပေးပါ၊ မြစပယ်ရုံ၊ ညအင်္သေချေ၊ နိုးတစ်ဝက်အိပ်မက်၊ အချစ်ည၊ ရေဆန်လမ်း   View More ...

နိုင်ဝင်းဆွေ ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us