ဒဂုန်ရွှေမျှား

ဒဂုန်ရွှေမျှားသည် ၁၈၉၅ ခု ၊ ဇွန်လ (၂)ရက် တနင်္ဂနွေနေ့တွင် ပြည်မြို့၌ အဖ ကုန်သည် ဦးချစ်ထွန်း ၊ အမိ ဒေါ်စောကလေးတို့မှ ဖွားမြင်ခဲ့သည်။ ဆရာကြီး၏ အမည်ရင်းမှာ ဦးတင်ဖြစ်သည်။ ငယ်စဉ်က ပြည်မြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ရာ ကာလကတ္တားတက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့သည်။ ၁၉၁၉-၂၀ ပြည့်နှစ်တွင် ကြည်တော်မူ ဂျာနယ်ကို အုပ်ချုပ်မှု အယ်ဒီတာအဖြစ် တာဝန်ယူ ထုတ်ဝေခဲ့သည်။ ၁၉၂၃ တွင် ဒဂုန် မဂ္ဂဇင်း၌ ပါဝင်ရေးသားပြီး မိုးဝေ မဂ္ဂဇင်းကို အစွဲပြုကာ ဒဂုန်ရွှေမျှား ကလောင်အမည်တွင်ခဲ့သည်။ ၁၉၂၆-၃၀ ပြည့်နှစ်တွင် ကုန်သည်လုပ်ငန်းလုပ်ရင်း သူရိယသတင်းစာနှင့် တိုးတက်ရေးသတင်းစာတို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့၏။ ၁၉၂၇ ခုနှစ်တွင် ရှေ့နေစာမေးပွဲဝင်ဖြေပြီး ရှေ့နေအဖြစ် အသက်မွေးသည်။ ၁၉၄၃ ခုနှစ်တွင် ဝါဒဖြန့်ချရေးနှင့် ပြည်သူ့ဆက်ဆံရေးဗျုရိုတွင် အယ်ဒီတာအဖြစ် အမှုထမ်း၏။ ဒုတိယကမ်ဘာစစ်ပြီးစတွင် ဗမာ့ခေတ်၊ ရှေ့ဆောင် သတင်းစာများနှင့် သတင်းစုံဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်း၌ စာပြုအဖြစ် အမှုထမ်း၏။ ၁၉၅၉ ခုတွင် အငြိမ်းစားယူခဲ့သည်။ ၁၉၅၉ ခုတွင် ရော်ဘင်ဆက်ကရူးဆိုးစာအုပ်ကိ   View More ...

ဒဂုန်ရွှေမျှား ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us