တင်မောင်မြင့်
ဧရာဝတီတိုင်း ဟင်္သာတခရိုင် စစ်ကျွန်းရွာတွင် အဖ ဦးမောင်ဒွေး၊ အမိ ဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်မြို့၊ ရေကျော် ဦးမောင်မောင် အလွတ်ပညာသင်ကျောင်းတွင် အလယ်တန်းအောင်ပြီး တောင်ကြီးမြို့၊ အစိုးရအထက်တန်းကျောင်း (ယခု အထက-၁) မှ ၁၉၅၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်သည်။
၁၉၆၁ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီ (ယခု MOGE)တွင် အလုပ်ဝင်ပြီး ၁၉၉၄ ခုနှစ်တွင် ငွေစာရင်းအရာရှိအဖြစ်နှင့် အငြိမ်းစားယူသည်။ ၁၉၈၅ ခုနှစ်တွင် သည်းဦးပန်းမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ်တွင် အထောက်တော်လှအောင်၏ သတင်း မဂ္ဂဇင်းတွင် ဒုတိယ အယ်ဒီတာချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။

တင်မောင်မြင့် ၏ စာအုပ်များ