နေဝင်းမြင့်

၁၉၅၂ - ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ၌ အဖ-ဦးဘရွှေ၊ အမိ-ဒေါ်သိန်းတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဝင်းမြင့်(ခ)ခင်မောင်ဝင်းဖြစ်သည်။
၁၉၅၇ - ငယ်စဉ်က ကုန်းဇောင်းကျေးရွာ အလယ်တန်းကျောင်းတွင် ပဉ္စမတန်းအထိ ပညာသင်ကြားခဲ့သည်။
၁၉၆၂ - ထို့နောက် အင်းစိန်သို့ ပြောင်းရွှေ့လာခဲ့သည်။ အင်းစိန်မြို့-အစိုးရအထက်တန်းကျောင်း အမှတ်(၄)တွင် ဒဿမတန်းအထိ ပညာသင်ကြားခဲ့သည်။
၁၉၆၈ - အင်းစိန် ဒညင်းကုန်းအုတ်စက်ရုံအမှတ်(၁)တွင် ဝန်ထမ်းအဖြစ် အမှူထမ်းခဲ့သည်။ ပညာသည်(ထုတ်လုပ်ရေး)အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၅ - ဗျိုင်းမည်းနှင့်အခြားဝတ္ထုတိုများ စာမူဖြင့် စာပေဗိမာန် စာမူဆုဝတ္ထုတိုပေါင်းချုပ်(တတိယ)ဆုရရှိခဲ့သည်။
၁၉၈၇ - စာပေဗိမာန်မှ ဗျိုင်းမည်းနှင့်အခြားဝတ္ထုတိုများစာအုပ်ထွက်ခဲ့သည်။
၁၉၉၂ - ဩဂုတ်လတွင်-မဂ္ဂဇင်းများတွင် ရေးသားဖြစ်သည့် ဝတ္ထုတိုများကို စုစည်းလျက် အားမာန်သစ်စာပေမှ ဆယ့် နှစ်ကြိုးဝတ္ထုတိုများ စာအုပ်ထွက်ခဲ့သည်။ (ယင်းစာအုပ်ဖြင့်-အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုရရှိခဲ့သည်။)။
၁၉၉၈ - ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့ လေ့လာရေးခရီးသွားရောက်ခဲ့သည်။ အောင်မောင်းအမည်ဖြင့် လှသောဘဝကို   View More ...

နေဝင်းမြင့် ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us