မင်းလူ

၁၉၅၄ - ခုနှစ်၊ မေလ(၁၈)ရက်နေ့တွင် အဖ-စာရေးဆရာ၊ ဒါရိုက်တာ ဦးသာဓု၊ အမိ-ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုတို့မှ ရန်ကုန်မြို့ အမှတ်(၁၄၇)။ ၄၇-လမ်း၊ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း(၄)ယောက်တွင် အငယ်ဆုံးဖြစ်သည်။ အမည်ရင်း မောင်ဉာဏ်ပေါ်ဖြစ်သည်။
၁၉၅၉ - ၁၉၆၈ - စိန်ပေါအထက်တန်းကျောင်း(နောင် အထက ၆ (ဗိုလ်တစ်ထောင်))၌ ပညာသင်ကြားခဲ့သည်။
၁၉၆၈ - ၁၉၇၂ - အ့ထ့က(၁)သင်္ဃန်းကျွန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားခဲ့ပြီး အခြေခံပညာအထက် တန်းအောင်မြင်ခဲ့သည်။ ကျောင်းသားဘဝတွင် စာပေဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အတွင်းရေးမှုးနှင့် သိပ္ပံပညာအသင်း တွဲဖက်အတွင်းရေးမှုးအဖြစ်ဆောင်ရွက်ခဲ့သည်။
၁၉၇၂ - ၁၉၇၇ - ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်သင်ကြားပြီး ၀ိဇ္ဇာဘွဲ့(ဒဿနိကဗေဒ)ရရှိခဲ့။၁၉၇၄ ခုနှစ်တွင် ဦးသန့်အရေးအခင်းတွင် ရ လကြာ အဖမ်းခံခဲ့ရ။ တက္ကသိုလ် နံရံကပ်စာစောင်နှင့် နှစ်ပတ်လည်မဂ္ဂဇင်းတို့တွင် 'တောရကျောင်းဘုန်းကြီး' အမည်ဖြင့် ကဗျာများရေးခဲ့သည်။
၁၉၇၆ - ရုပ်ရှင်ပဒေသာမဂ္ဂဇင်း၌ ၀တ္ထုတိုစတင်ဖော်ပြခံရပြီး စာပေနယ်သို့ ၀င်ရောက်ခဲ့သည်။ ကျောင်းတက် ရင်း စာအုပ်ထုတ်ဝေရေးလုပ်ငန်း လေ့လာလုပ်ကိုင်ခဲ့သည်။
၁၉၇၇ - မင်းလူအမည်ဖြင့် 'ပန်းကျောင်း'လုံးချင်းဝတ္ထ   View More ...

မင်းလူ ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us