လူထုစိန်ဝင်း

လူထုစိန်ဝင်း (၁၃ ဩဂုတ် ၁၉၄၀ – ၁၇ ဇွန် ၂၀၁၂) သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ ဂျာနယ်လစ် တစ်ဦး ဖြစ်သည်။ လူမှုလှုပ်ရှားမှုများအကြောင်း စာပေလက်ရာများနှင့် အစိုးရအား ဆန့်ကျင်မှုများကြောင့် လူသိများသည်။ သူသည် ၂၀၀၈ ခုနှစ်နှောင်းပိုင်း မြန်မာ့စာရေးဆရာများအနက် စာရေးသားမှုအများဆုံး စာရေးဆရာတစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံရသူလည်း ဖြစ်သည်။
ကျောင်းသား ဘဝ ကတည်းမှစ၍ လူထုသတင်းစာတိုက်တွင် ဝင်ထွက်၊ သွားလာနေခဲ့ပြီး၊ လုပ်အားပေး သဘောမျိုး၊ ဝင်ရောက် ကူညီလုပ်ကိုင်ပေးခဲ့သည်။ ၁၉၆၂-ခုနှစ်မှစ၍ အချိန်ပြည့် ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ လူထု သတင်းစာတိုက် မန္တလေးနှင့်ရန်ကုန် တိုက်ခွဲတို့တွင် အယ်ဒီတာ အဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန် ယူခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ လူထု သတင်းစာတိုက် အပိတ်ခံရချိန်အထိ လူထု သတင်းစာတိုက်တွင် လုပ်ကိုင်ခဲ့သည်။
၁၉၆၉-ခုနှစ်တွင် စစ်အစိုးရ (အာဏာသိမ်း တော်လှန်ရေး ကောင်စီ)၏ ဖမ်းဆီးခြင်းကို ခံရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင် ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၂-နှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။
၁၉၈ဝ-ပြည့်နှစ်တွင် လေဖြတ် ဝေဒနာကြောင့် ခန္ဓာကိုယ် ညာဘက် တခြမ်းသေသွားခဲ့ရာ၊ ဘဝကို အရှုံးမပေး လက်မလျှော့ဘဲ   View More ...

လူထုစိန်ဝင်း ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us