အောင်သင်း

၁၉၂၇ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့တွင် မကွေးတိုင်း၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၊ တောင်ပြင်ရပ်နေ၊ အဖ-သခင်ညီမောင်နှင့် အမိ-ဒေါ်ရွှေကြင်တို့က ဖွားမြင်သည်။ သားသမီး(၃)ယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာလည်း ဦးအောင်သင်း ပင်ဖြစ်သည်။ အသက် ၅ နှစ်အရွယ်တွင် တောင်တွင်းကြီးမြို့ တောင်ပြင်ရပ်ရှိ ဆရာဦးသာဒွန်းဇံ၏ မူလတန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။
လေးတန်းအောင်ပြီးနောက် တောင်တွင်းကြီးမြို့ မိုးထိ မြန်မာအထက်တန်းကျောင်းတွင် အလယ်တန်းပညာများ ဆက်လက်သင်ကြားခဲ့သည်။ ၁၉၃၈ ခုနှစ် ဆဋ္ဌမတန်းတွင် ကျောင်းသားသပိတ်နှင့် ကြုံခဲ့သည်။ ထိုနှစ်၌ပင် မိခင်ဖြစ်သူကွယ်လွန်သည်။ သတ္တမတန်း၌ ပညာသင်ကြားနေစဉ်ပညာဘက်၌ အာရုံလျော့နည်းလာသဖြင့် စာမေးပွဲကျရှုံးခဲ့သည်။ ထို့နောက်ကျောင်းထွက်နေစဉ် ဖခင်မှာနောက်အိမ်ထောင်ပြုသည်။ ၁၉၄၁ ခုနှစ်တွင် ရှင်သာမဏေဝတ်ပြီး သာမဏေဘဝဖြင့် ပညာသင်နေစဉ် ဒုတိယကမ္ဘာစစ်ဖြစ်လာ၍ သာမဏေဘဝမှ ထွက်လိုက်ရသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇ တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့သို့ ဝင်ရောက်လှုပ်ရှားခဲ့သည်။ ထိုမှတစ်ဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက်သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူးအဆင့်ထိတိုင်အောင် တာဝန်ယူဆောင်ရွက်ခဲ့သည်။
ရော   View More ...

အောင်သင်း ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us