လင်္ကာရည်ကျော်

လင်္ကာရည်ကျော်သည် မြန်မာနိုင်ငံသား ကလေးအထူးကု ဆရာဝန်၊ စာရေးဆရာတစ်ဦး ဖြစ်သည်။ အမည်ရင်းမှာ ဒေါက်တာ ရဲမြင့်ကျော် ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ မြို့မ တဲကြီးကုန်းကျေးရွာ၊ အဖဦးတင်ညွန့်၊ အမိဒေါ်မြရီ တို့မှ ၁၉၆၁-ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် မွေးဖွားသည်။

ရန်ကုန်မြို့တွင် ကြီးပြင်းခဲ့ပြီး အ.ထ.က(၁) လမ်းမတော်တွင် ပညာသင်ကြားခဲ့သည်။

၁၉၇၉-ခုနှစ်တွင် အမှတ်(၂) ဒေသကောလိပ်၊ ရန်ကုန်တိုင်းမှ ပုံနှိပ်ထုတ်ဝေရေး အတတ်ပညာ ဒီပလိုမာ ရရှိခဲ့သည်။ ၁၉၈၀-မှ ၁၉၈၅ အတွင်း ဆေးတက္ကသိုလ် (၁) ရန်ကုန် နှစ်လည်မဂ္ဂဇင်း ကော်မတီ၏ တာဝန်ခံ စာတည်းအဖြစ် ဆောင်ရွက်ရင်း လင်္ကာရည်ကျော် အမည်ဖြင့် ဝတ္ထု၊ ကဗျာများ စတင်ရေးသားသည်။ ၁၉၈၅ တွင် အမ်ဘီဘီအက်စ် ဘွဲ့ရရှိပြီးနောက် ၁၉၈၆-၈၇ အတွင်း ဆေးသုတေသန ဦးစီးဌာနတွင် ကွင်းဆင်းသုတေသန အရာရှိတာဝန် ထမ်းဆောင်သည်။

၁၉၈၇-ခုနှစ်မှ ၁၉၉၀ အတွင်း ဗိုလ် အဆင့်ဖြင့် တပ်မတော်တွင် ဆေးမှူးတာဝန် ထမ်းဆောင်ရင်း ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာများတွင် အနေကြာခဲ့သည်။ ၁၉၉၀ တွင် အရပ်ဘက် တာဝန်ပြန်လည် ထမ်းဆောင်သည်။

၁၉၉၀-ခုနှစ်မှ ၁၉၉၁ အတွင်း သထုံမြို့နယ် ပြည်သူ့ဆေးရုံတွင် လက   View More ...

လင်္ကာရည်ကျော် ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us