မေတ္တာရှင်(ရွှေပြည်သာ)

၁၃၆၂ - ခုနှစ်၊ တပို့တွဲလဆန်း(၁၅)ရက်၊ (၁၆-၂-၆၅)အင်္ဂါနေ့၊ မန္တလေးတိုင်း၊ အမရပူရမြို့၊ နန်းတော်ရာ စံပြ ကွက်၌ ခမည်းတော် ဦးထီ+မယ်တော် ဒေါ်သိန်းရင်တို့မှ ဖွားမြင်သည်။

၁၃၃၈ - ခုနှစ်တွင် မူလဆီးဘန်နီကျောင်းတိုက်၊ ပညာ့ဗိမာန် သာသနာပြုကျောင်းဆရာတော် ဦးပညာသာမိကို ဥပဇ္ဈာယ်ပြု၍ မယ်တော် ခမည်းတော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေဘဝသို့ ရောက်ရှိသည်။

၁၃၄၆ - ခုနှစ်၊ ကဆုန်လဆန်း(၁၅)ရက်နေ့တွင် မန္တလေးမြို့၊ တောင်ပြင်မိုးတားတိုက် ခဏ္ဍသိမ်တော်မြတ်၌ မိုးတားတိုက်ဆရာတော် ဦးမေဃိယကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ရဟန်း ဒါယကာ၊ ဒါယိကာမများမှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သီတာအေး(၉၀၂)ရပ်ကွက်မှ ဦးဝင်းမြင့်၊ ဒေါ်ထွေး၊ ဦးဝင်းမြ၊ ဒေါ်ခင်မူတို့ဖြစ်ကြသည်။

၁၃၄၃ - ခုနှစ်မှစ၍ မန္တလေးမြို့ မူလဆီးဘန်နီကျောင်းတိုက်၊ ပညာ့ဗိမာန်သာသနာပြုကျောင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ သာသနာ့မူလိကာရာမကျောင်းသစ်ကျောင်း၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်တို့၌ ငယ်၊ လတ်၊ ကြီး စာမေးပွဲများအောင်မြင်၍ ဓမ္မာစရိယတန်းရောက်သည်အထိ ပရိယတ္တိစာပေများကို သင်ယူခဲ့သည်။ ဆရာနည်း ရအောင် အချိန်ယူ၍အားထုတ်ခဲ့သော ဝိပဿနာနည်းများမှာ မ   View More ...

မေတ္တာရှင်(ရွှေပြည်သာ) ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us