မင်းသုဝဏ်

မင်းသုဝဏ် (၁၀ ဖေဖော်ဝါရီ ၁၉၀၉ – ၁၅ ဩဂုတ် ၂၀၀၄) သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ ကဗျာဆရာတစ်ဦး ဖြစ်ပြီး ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူများအနက် တစ်ဦး ဖြစ်သည့်အပြင်၊ မြန်မာနိုင်ငံ၏ နဝမမြောက် သမ္မတ ဦးထင်ကျော်၏ ဖခင်လည်း ဖြစ်သည်။
၁၉၁၆ ခုနှစ်ခန့် အသက် (၇) နှစ်ရွယ်၌ ကွမ်းခြံကုန်းမြို့ ကြားကျောင်းခေါ် ရွှေကျင်ကျောင်းတိုက် (ဆရာဦးဖိုးလှိုင်ကျောင်း)တွင် မြန်မာစာစတင် သင်ယူသည်။
၁၉၂၆ မတ်လတွင် အင်္ဂလိပ်-မြန်မာ အလယ်တန်း စကောလားရှစ်စာမေးပွဲ (စတုတ္ထရ၍) အောင်သည်။
၁၉၂၉ မတ်လတွင် ၁၀ တန်းကို ပထဝီဝင်ဂုဏ်ထူးဖြင့်အောင်သည်။
၁၉၃၀ ခုနှစ်၌ ဥပစာတန်းတွင် အထူးကျောင်းသားအဖြစ် အရွေးခံရ၍ တစ်နှစ်အတွင်း မတ်လမှာကျင်းပသော ဥပစာအထက်တန်းစာမေးပွဲဖြေဆိုရာ အောင်မြင်သည်။
၁၉၃၁ မတ်လတွင် ပထမနှစ် (ဝိဇ္ဇာ) မြန်မာစာဂုဏ်ထူး အစမ်းစာမေးပွဲအောင်သည်။
၁၉၃၃ မတ်လတွင် ဝိဇ္ဇာဂုဏ်ထူးတန်းကို (မြန်မာစာ-ပထမအဆင့်ဖြင့်) အောင်မြင်ခဲ့ပြီး ဇွန်လမှ ၁၉၃၅ မေထိ မြန်မာစာဌာန၊ အချိန်ပိုင်းနည်းပြလုပ်ခဲ့သည်။
၁၉၃၅ မတ်လ-မဟာဝိဇ္ဇာ-မြန်မာစာဂုဏ်ထူး စာမေးပွဲကို (ဒုတိယအဆင့်)ဖြင့် အောင်မြင်ခဲ့ပြီး အချိန်ပြည့်နည်းပြခန့်အပ်ခြင်း ခံခဲ့ရသည်။
၁၉၃၆ ခုနှစ်တွင် ပညာသင်ဆုရ၍ အင်္ဂလန်နိုင   View More ...

မင်းသုဝဏ် ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us