ခင်နှင်းယု

ခင်နှင်းယု (အမည်ရင်း မခင်စု) (၁၉၂၅-၂၀၀၃) သည် မြန်မာစာပေလောကတွင် ထင်ရှားသော အမျိုးသမီးကလောင်ရှင်တစ်ဦးဖြစ်သည်။
ဧရာဝတီတိုင်း ဝါးခယ်မမြို့၌ အဖ အစိုးရကျောင်းဆရာကြီး ဦးဘ ၊ အမိ ဒေါ်သိန်းတင်တို့မှ ၁၉၂၅ခု ၊ စက်တင်ဘာ ၇ ရက် (တနင်္လာနေ့) တွင်ဖွားမြင်သည် ။ မွေးချင်း ခုနစ်ယောက်အနက် ငါးယောက်မြောက်ဖြစ်ပြီး ဝန်ကြီးချုပ် ဦးနု နှင့်မောင်နှမ ဝမ်းကွဲတော်စပ် သူတစ်ဦးဖြစ်သည် ။
ဝါးဆယ်မကျောင်းသားသမဂွ အမှုဆောင် (၁၉၃၈ -၃၉) ဖြစ်ကာ ကျောင်းသားရေးရာများနှင့် တို့ဗမာအစည်းအရုံး နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ဂျပန်ခေတ် ဝါးခယ်မမြို့နယ် အာရှလူငယ်အစည်းအရုံးတွင် အမျိုးသမီးဌာန အတွင်းရေးမှူး (၁၉၄၃) ၊ ဖဆပလ သတင်းနှင့် ဝါဒဖြန့်ချိရေးဌာန လက်ထောက်အတွင်းရေးမှူး (၁၉၄၆) ၊ ယင်းဌာန တွဲဖက်အတွင်းရေးမှူးနှင့် ဖဆပလ သတင်းစဉ် တာဝန်ခံ အယ်ဒီတာ (၁၉၄၇) ၊ ဝန်ကြီးချုပ်၏ အတွင်းရေးအတွင်းဝန် (၁၉၄၈- ၄၉) စသည်ဖြင့်ဆောင်ရွက်ခဲ့သည် ။
၁၉၄၆ မှစကာ "မခင်စု" အမည်ရင်းဖြင့် ဖဆပလ သတင်းစဉ်တွင် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၄၇-တွင် "အချို" ကလောင်အမည်ဖြင့် သတင်းစုံ ဂျာနယ်၌ ဝတ္ထုတိုများ ရေးသားခဲ့သည် ။ ခင်နှင်းယု ကလောင်အမည်ဖြင့် ပထမဆုံးရေးသောဝတ္ထုမှာ ၁၉၄၇   View More ...

ခင်နှင်းယု ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us