မောင်ထွန်းသူ

၁၉၃၁ - ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အဖ မြေတိုင်းစာရေး ဦးဖေတင်၊ အမိ ဒေါ်ဖြူတို့က မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း သား ၂ ယောက်အနက် အကြီးဖြစ်၍ အမည်ရင်းမှာ ဦးတင်ထွန်းဖြစ်သည်။

ငယ်စဉ်က ပျော်ဘွယ်၊ ရမည်းသင်း၊ ပျဉ်းမနားမြို့များတွင် ပညာသင်ကြားခဲ့သည်။ အထက်တန်းကျောင်းသားဘဝကတည်းက စာတိုပေစများ ရေးသားခဲ့သည်။

၁၉၅၁ - ရန်ကုန်တက္ကသိုလ်ဝင်တန်းကို ရမည်းသင်း အထကမှ အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်သို့ ဆက်တက်ခဲ့သည်။

၁၉၅၅ - ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။

၁၉၅၅ - ၅၈ - စင်္ကာပူနိုင်ငံ၊ မာလာယုတက္ကသိုလ် (University of Malayu) မှ 'လူမှုသိပ္ပံ ဒီပလိုမာဘွဲ့' ရရှိသည်။

၁၉၅၈ - လူမှုဝန်ထမ်းဌာနတွင် အရာရှိ အဖြစ် အမှုထမ်းသည်။ ထို့နောက် လူမှုဝန်ထမ်းဌာန၌ လက်ထောက် ညွှန်ကြားရေးဝန် အဖြစ် အမှုထမ်းသည်။

၁၉၆၂ - အထူးစုံစမ်းစစ်ဆေးရေးဌာနဝန်ထမ်းမှ နုတ်ထွက်ခဲ့သည်။ ပြန်ကြားရေးဌာနတွင် ဝင်ရောက်အမှုထမ်းခဲ့ရာမှ မောင်ထွန်းသူ၊ ထွန်းနိုင်ဦး၊ ဉာဏလုပ်သားတစ်ဦး စသော ကလောင်အမည်များဖြင့် ခရီးသွားဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများနှင့် ဝတ္ထုတိုများ စတင်ရေးသားခဲ့သည်။

၁၉၆၂ - ၈၃ - ပြန်ကြားရေး ဝ   View More ...

မောင်ထွန်းသူ ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us