ဒေါက်တာလှဘေ

ဒေါက်တာ လှဘေ (၈ ဇန်နဝါရီ ၁၉၁၃ – ၃၁ ဇူလိုင် ၂၀၀၇) သည် ထင်ရှားသော မြန်မာဘာသာစကား ဘာသာဗေဒပညာရှင်တစ်ဦး ဖြစ်ပြီး မြန်မာ–အင်္ဂလိပ် အဘိဓာန်တွင် ပါဝင်ရေးသားခဲ့သူ ဖြစ်သည်။ သူသည် ၁၉၆၆ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ လန်ဒန်တက္ကသိုလ်တွင် မြန်မာဘာသာစကားနှင့် ယဉ်ကျေးမှု ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ ခုနှစ် အငြိမ်းစားယူပြီးနောက် လန်ဒန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် ထပ်မံ ချီးမြှင့်ခြင်းခံရသူဖြစ်သည်။ ဒေါက်တာလှဘေသည် ဘဝတစ်လျှောက်လုံးမြန်မာစာ၊ မြန်မာစကား ထွန်းကားပျံ့နှံ့ရေး၊ နိုင်ငံခြားသားများ မြန်မာစာသင်ယူ လေ့လာခွင့်ရရေး တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။[၁] မြန်မာဘာသာနဲ့ ဆိုင်တဲ့ သုတေသနစာတမ်းတွေ ရေးသားခဲ့သလို နိုင်ငံတကာက မြန်မာဘာသာစကားသင်ယူသူတွေအတွက် မြန်မာစာသင်နည်းနဲ့ ပြဋ္ဌာန်းစာအုပ်တွေလည်း ပြုစုခဲ့သူ ဖြစ်သည်။ မြန်မာကရော၊ ကမ္ဘာကပါ လေးစားရတဲ့ ဘာသာဗေဒပညာရှင်တစ်ဦး ဖြစ်သည်။

ဒေါက်တာ လှဘေသည် အင်္ဂလိပ်ခေတ်ကတည်းက (၁ဝ)တန်းကို ၅ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော်လည်း အရေးပိုင်၊ ဝန်ထောက်စသည့် ရာထူးများကို မလုပ်ဆောင်ခဲ့ဘဲ ကျောင်းဆရာအလုပ်ကိုသာ မြတ်နိုး၍ မြန်မာစာကို တစိုက်မတ်မတ် လေ့လာလိုက   View More ...

ဒေါက်တာလှဘေ ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us