လယ်တွင်းသားစောချစ်

၁၉၄၁ - ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့တွင် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ထန်းတောရွာ၌ အဖ-လယ်သမား ကြီး ဦးချစ်စိန်၊ အမိ-မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်စောရှင်တို့က ဖွားမြင်သည်။ နာမည်အရင်းမှာ ဦးတင်လှိုင် ဖြစ်သည်။
၁၉၅၉-၆၄ - ပြည်လုံးနိုင် ကျောင်းတွင် အလယ်တန်းပြဆရာအဖြစ်ဆောင်ရွက်ခဲ့။
၁၉၆၃ - မြန်မာ့အလင်းသတင်းစာတွင် နောင်တအမည်ရှိ ဝတ္ထုတိုဖော်ပြ ခြင်းခံရ။ (ပထမဆုံး ပုံနှိပ်ခံရသည့် ဝတ္ထုတိုဖြစ်ပါသည်။)
၁၉၆၈ - မြန်မာစာအဓိကဖြင့်ဘွဲ့ရ။
၁၉၆၉ - ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးရွာ၌ အလယ်တန်းပြဆရာ။
၁၉၇၀ - မလိုင်မြို့နယ်၊ပါတီယူနစ်ကော်မတီ။
၁၉၇၁ - မင်္ဂလာဒုံ၊ ဗဟိုနိုင်ငံရေးတက္ကသိုလ်-လက်ထောက်ကထိက။ ထိုနှစ်မှာပင် အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်နှင့်လက်ထပ်။ (သား ကိုလင်းသန့်၊ သမီး ယမင်းလှိုင်တို့ ထွန်းကားခဲ့။)
၁၉၇၇ - တစ်လုံးနှစ်လုံး ပုလဲကုံးစာမူဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ်(ဒုတိယ)ဆုရရှိ။
၁၉၇၈ - ပန်းမြိုင်လယ်မှ ဥယျာဉ်မှူးစာမူဖြင့် စာပေဗိမာန် စာပဒေသာ(ပထမ)ဆုရရှိ။
၁၉၈၀ - ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး စာအုပ်ဖြင့် အမျိုးသားစာပေဆု ထပ်မံရရှိ။ (ထိုစာအုပ်ကို ၁၉၈၂၊ ၁၉၈၄၊ ၁၉၈၆၊ ၁၉၈၇၊၁၉၉၀၊ ၁၉၉၃၊ ၁၉၉၅၊ ၁၉၉၈၊ ၂၀၀၁-တို့တွင် ပြန်လည်ရိ   View More ...

လယ်တွင်းသားစောချစ် ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us