လင်းယုန်မောင်မောင်
မုံရွာ မြို့တွင် အဖ ဦးအောင်သိန်း၊ အမိ ဒေါ်လှကြည် တို့က ၁၉၂၅ ခု ဧပြီလ ရ ရက် အင်္ဂါနေ့တွင် မွေးဖွား ခဲ့သည်။ သားကြီး ဩရသ ဖြစ်၍ ငယ်နာမည် မောင်ရွှေ ဖြစ်သည်။
မုံရွာ ဆရာလှ မြန်မာ စာသင် ကျောင်းတွင် မူလတန်း၊ မိတ္ထီလာ အမျိုးသား ကျောင်း၊ ရွှေဘိုမြို့ ချမ်းသာကြီး အလွတ် ပညာသင် ကျောင်းနှင့် ရန်ကုန် စိန်ပေါလ်ကျောင်း တို့တွင် အလယ်တန်း၊ မြို့မ အထက်တန်းကျောင်း၊ ရန်ကုန် တွင် အထက်တန်း (၁၉၄၅ - ၄၆) အောင်ခဲ့ပြီး ရန်ကုန် တက္ကသိုလ်သို့ တက်ရောက် ပညာ ဆည်းပူး ခဲ့သည်။ ထိုစဉ်က ဖဆပလ အဖွဲ့ချုပ်မှ ဦးဆောင် ခဲ့သော အထွေထွေ သပိတ်ကြီးတွင် သပိတ်မှောက် ကျောင်းသား ခေါင်းဆောင် တဦး အဖြစ် ပါဝင် ခဲ့သည်။ သို့ရာတွင် သပိတ်လှန်ရန် ဆုံးဖြတ်ချက်ကို မကျေနပ် သဖြင့် တက္ကသိုလ် ဥပစာ အထက်တန်းမှ အပြီးအပိုင် ကျောင်းထွက် ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇) တွင်ပါဝင်ခဲ့သည်။
ဒုတိယ ကမ္ဘာစစ် မတိုင်မီက မုံရွာ ခရိုင် တို့ဗမာ အစည်းအရုံးတွင် "သခင်ရွှေ" အဖြစ် လည်းကောင်း၊ ဂျပန်ခေတ် (၁၉၄၂ - ၄၅) တွင် မုံရွာ ခရိုင် အာရှ လူငယ် အစည်းအရုံး အတွင်းရေးမှူး အဖြစ် လည်းကောင်း၊ ၁၉၄၇ - ၅၇ ခုနှစ်များ အတွင်းတွင် နိုင်ငံရေး သမား အဖြစ် လည်းကောင် View More ...

လင်းယုန်မောင်မောင် ၏ စာအုပ်များ