ဒေါက်တာမင်းတင်မွန်
ဒေါက်တာ မင်းတင်မွန် (၁၉၃၄- ) သည် မြန်မာနိုင်ငံသား စာရေးဆရာနှင့် အငြိမ်းစား တက္ကသိုလ် ပါမောက္ခ ဆရာတစ်ဦး ဖြစ်ပြီး သာသနာရေး အကြံပေးပညာရှင် တစ်ဦးလည်း ဖြစ်သည်။
ငယ်နာမည်မှာ မောင်တော်ရှိန် ဖြစ်ပြီး မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ရွာနေ မွန်လူမျိုး ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော ဦးရော်အင်၊ ဒေါ်စိန်တန်တို့မှ (၁၃-၁-၁၉၃၄) တွင်ဖွားမြင်သည့် သားရတနာဖြစ်သည်။
ကမာဝက်မူလတန်းကျောင်းနှင့် မုဒုံမြို့ ရှင်အရဟံအထက်တန်းကျောင်းတို့၌ ပညာဆည်းပူးစဉ် အတန်းစဉ် ပထမရခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် အစိုးရကျောင်းထွက်လက်မှတ်ရ စာမေးပွဲနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတို့ကို သင်္ချာ၊ အထွေထွေသိပ္ပံ ဂုဏ်ထူးနှင့် ပထမအဆင့်မှ အောင်မြင်ပြီးလျှင် ရန်ကုန်တက္ကသိုလ်၌ ပညာဆက်လက်ဆည်းပူးခဲ့သည်။ ရန်ကုန်တက္ကသိုလ် ၁၉၅၃ ခုနှစ် ဥပစာတန်း စာမေးပွဲတွင် သင်္ချာပထမဆု၊ ဓာတုဗေဒ ပထမဆုရပြီး တက္ကသိုလ် ဟိုးဝါးကိန်း ရွှေတံဆိပ်ဆုနှင့် တက္ကသိုလ် စကောလားရှစ် ပညာချွန်ဆုတို့ဖြင့် ချီးမြှင့်ခံရသည်။
၁၉၅၅ ခုနှစ် သိပ္ပံဘွဲ့စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များ၌ ဂုဏ်ထူးရရှိပြီး တစ်တန်းလုံးတွင်ပထမရသဖြင့် တက္ကသိုလ်ဟာဂျီဘိုင်များရွှေတံဆိပ်ဆုချီးမြှင့်ခြင်းခံရသည်။ View More ...

ဒေါက်တာမင်းတင်မွန် ၏ စာအုပ်များ