ဒေါက်တာသန်းထွန်း

ဒေါက်တာသန်းထွန်း (၆ ဧပြီ ၁၉၂၃ - ၃၀ နိုဝင်ဘာ ၂၀၀၅) သည် မြန်မာ သမိုင်းပညာရှင် တစ်ဦး ဖြစ်သည်။

ဒေါက်တာသန်းထွန်း (၆ ဧပြီ ၁၉၂၃ - ၃၀ နိုဝင်ဘာ ၂၀၀၅) ကို ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ် ဒေါင့်ကြီးရွာတွင် အဖ ဦးဖိုးတွေ၊ မိခင် ဒေါ်သင်တို့က ၁၉၂၃၊ဧပြီလ ၆ ရက်နေ့၌ မွေးဖွားခဲ့သည်။ ကုန်းဘောင်ခေတ် မြင်းကွန်း မြင်းခုံတိုင် အရေးအခင်းတွင် ပါဝင်သော မောင်လူကြီး ဆိုသူသည် ဒေါက်တာသန်းထွန်း၏မိခင် ဒေါ်သင်၏ အဘိုးဖြစ်သည်။ ဒေါက်တာသန်းထွန်းသည် မွေးချင်း ညီအစ်ကိုမောင်နှမ ၅ ဦး အနက် ၄ ယောက်မြောက် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း မွေးရပ်မြေ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ် အာရှလူငယ် အစည်းအရုံးတွင် အတွင်းရေးမှူးအဖြစ် စတင်ပါဝင်ခဲ့သည်။ ဖက်ဆစ် ဂျပန် တော်လှန်ရေးအတွက် ၁၉၄၄ ခုနှစ်တွင် ငါးသိုင်းချောင်း မြို့နယ်တွင် ဖွဲ့စည်းခဲ့သော ဖဆပလ၏ ပထမဆုံးဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇) တွင်ပါဝင်ခဲ့သည်။

၁၉၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သမိုင်းနှင့် နိုင်ငံရေးသိပ္ပံဌာနတွင် ကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတက္ကသိုလ်တွင် သမိုင်းပါမ   View More ...

ဒေါက်တာသန်းထွန်း ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us