ဇော်ဂျီ

ဆရာဇော်ဂျီ (ဧပြီလ ၁၂၊၁၉၀၇- စက်တင်ဘာ၂၆ ၁၉၉ဝ)သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ ကဗျာဆရာတစ်ဦး ဖြစ်ပြီး ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူများအနက် တစ်ဦး ဖြစ်သည့်အပြင်၊ ဂုဏ်ထူးဆောင် မြန်မာစာပါမောက္ခ ဖြစ်သည်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ဇာတိဖြစ်၍ အဖဦးယော၊ အမိဒေါ်စိန်ညွန့်တို့မှ ၁၉၀၇-ခုနှစ်၊ ဧပြီလ ၁၂ရက်၊ သောကြာနေ့တွင် ဖွားမြင်သည်။ မွေးချင်းကိုးယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးသိန်းဟန် ဖြစ်ပါသည်။

ဆရာဇော်ဂျီသည် ငယ်စဉ်က ဖျာပုံမြို့ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ဆရာဇော်ဂျီတို့အိမ်တွင် လူကြီးများစုဝေးကာ စာအကြောင်းပေအကြောင်း ပြောကြသောကြောင့် ဆရာဇော်ဂျီသည် ငယ်စဉ်ကလေးဘဝကပင် မြန်မာမှု၊ မြန်မာစာပေတို့နှင့် အကျွမ်းတဝင် ရင်းနှီးခဲ့သည်။

၁၉၂၈ တွင် ဆရာဇော်ဂျီသည် သူ၏ နာမည်ကျော် ပိတောက်ပန်း ကဗျာကို ရေးဖွဲ့ခဲ့သည်။

ဆရာဇော်ဂျီသည် တက္ကသိုလ်ကျောင်းသားဘဝတွင် သူကဲ့သို့ ဝါသနာတူ သူငယ်ချင်း ဆရာမင်းသုဝဏ်နှင့် တွဲမိသွားသည်။ သူတို့နှစ်ဦးသည် ရှေးဟောင်းကဗျာများမှ တွေးပုံတွေးနည်း၊ ရေးပုံရေးနည်းများကို လမ်းသစ်ခွဲထွက်ကြသည်။ မိမိ ခံစားရသော အမြင်ကိုသာ အလှပဆုံး၊ အထိမိဆုံး ရေးဖွဲ့ ကြသည်။ ထိုကဗျာများကို တက္ကသိုလ်မဂ္ဂဇင   View More ...

ဇော်ဂျီ ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us