မောင်ပေါ်ထွန်း

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရွှေမျက်ဝရွာတွင် အဖ ပန်းချီပန်းပု လက်သမား ဆရာကြီး ဦးမောင်ပု၊ အမိဒေါ်အေး တို့မှ ၁၉၃၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် မွေးဖွားသည်။ မူလတန်းပညာကို ဇာတိရပ်ရွာ ဘုန်းတော်ကြီးကျောင်းနှင့် အထက်တန်းကျောင်းတို့တွင် သင်ကြားခဲ့သည်။ ၁၅ နှစ်သားတွင် ရန်ကုန်မြို့သို့ ရောက်လာခဲ့ပြီး အလွတ်ပညာကျောင်း တက်သည်။ လှကော်မာရှယ်ကောလိပ်မှ မြန်မာလက်ရေးတို ပထမဆုရခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (စာပေဗိမာန်) အဖွဲ့၌ လက်နှိပ်စက် လက်ရေးတိုစာရေးအဖြစ် စတင်အမှုထမ်းခဲ့သည်။ ၁၉၆၇ -၆၈ ခုနှစ်တွင် အခြေခံပညာအထက်တန်းစာမေးပွဲကို အင်္ဂလိပ်ဂုဏ်ထူးဖြင့် အောင်မြင်သည်။ သတင်းစာပညာ အတတ်သင်ကျောင်း အပတ်စဉ် (၁) တွင် ပထမဆု ရရှိသည်။ ၁၉၇၃ ခုနှစ်တွင် လုပ်သားများကောလိပ်မှ ဝိဇ္ဇာ (သမိုင်းဘွဲ့) ရသည်။ ၁၉၇၈ ခုနှစ်တွင် စာပေဗိမာန် စာအုပ်အသင်း ကြီးကြပ်ရေးမှူး အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။

၁၉၅၈ ခုနှစ်တွင် စာပန်းချီမဂ္ဂဇင်း၌ ခုနစ်နှစ်အရွယ် သမီးငယ် (Seven Year Old Girls) ရုရှားပုံပြင် ဘာသာပြန်ဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဘာသာပြန်ဝတ္ထု၊ ဆောင်းပါးများ ကြိုကြား ကြိုကြား ရေးသားခ   View More ...

မောင်ပေါ်ထွန်း ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us