ချစ်စံဝင်း

ပဲခူးတိုင်း ကဝမြို့နယ် ရစ်ကံကြီး ကျေးရွာ အဖဦးကျော်စိန် အမိဒေါ်လှသန်းတို့က ၁၉၄၀ ခုနှစ်ဇန်နဝါ ရီ လ (၂၂)ရက် နေ့တွင်ဖွားမြင်ခဲ့သည်။ အမည်အရင်း ဦးချစ်စံဖြစ်သည်။ ရစ်ကံကြီးကျေးရွာ၊ မူလတန်းကျောင်းတွင် စတင်ပညာသင်ခဲ့သည်။ ထို့နောက် ရစ်ကံကြီးရွာ သာသနာ့ဇောတိကပုပ္ဖါစာသင်ကျောင်းမှ ၁၉၅၇ ခုနှစ်တွင် (၁၀) တန်းအောင်မြင်ခဲ့သည်။ ရန်ကင်းကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင်ဆက်လက် ပညာသင်ကြားပြီး (၁၉၆၇) ခုနှစ်တွင် လုပ်သားများကောလိပ်မှ ဝိဇ္ဇာတန်းအောင်မြင်သည်။
၁၉၆၀-၆၁ ခုနှစ်တွင် နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့၌ စာရေးအဖြစ်လည်းကောင်း ၁၉၆၃-၆၄ တွင် သိမ်ကြီးဈေးမြန်မာ့ကုန်တိုက်၌ အရောင်းစာရေးအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ၁၉၆၄ မှ ၁၉၆၇ ခုနှစ်အထိ မူလတန်းကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၆၅ ခုနှစ်မှ စ၍ တိုင်းရင်းမေ အိုးဝေ၊ ကြေးမုံ၊ ဗိုလ်တစ်ထောင်၊ ရှေ့သို့၊ လမ်းစဉ်သတင်း လုပ်သားပြည်သူ့နေ့စဉ်၊ မြန်မာ့အလင်း သတင်းစာများတွင် စာပေများရေးသားသည်။ ၁၉၆၇ ခုနှစ် ၁၉၈၈ ခုနှစ် အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် တောင်သူလယ်သမားအစည်းအရုံး ဗဟိုဦးစီးအဖွဲ့ဌာနချုပ်တို့တွင် စာပြုလက်ထောက်အယ်ဒီတာ၊ အမှုဆောင်အယ်ဒီတာ အယ်ဒီတာချုပ် စသည်ဖြင့်ထမ်းဆောင်ခ   View More ...

ချစ်စံဝင်း ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us