ဇဝန

ပြည်မြို့ ကြိုးတန်းရပ်၌ အဖ ဆန်ကုန်သည် ဦးဖိုးမင်း၊ အမိ ဒေါ်မြ တို့က ၁၂၇၃ ခု နတ်တော် လပြည့်ကျော် ၅ ရက် (၁၉၁၁ ခု ဒီဇင်ဘာလ ၁ဝ ရက်) တနင်္ဂနွေနေ့တွင် ဖွားမြင် ခဲ့သည်။ မွေးချင်း ၁၄ ယောက်တွင် ၁ဝ ယောက်မြောက်သား ဖြစ်သည်။ အမည် ရင်းမှာ ဦးသိန်း ဖြစ်၏။

ဇဝန ခေါ် ဦးသိန်း
ဇဝန ခေါ် ဦးသိန်း
ပြည်မြို့ ကျောင်းကြီးရပ် ဦးဘအို မြန်မာစာသင် ကျောင်းတွင် စတုတ္ထတန်းထိ သင်ယူ ခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် ပြည်မြို့ အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ခဲ့သည်။ (၁၃) နှစ်သား အရွယ် (၈) တန်းမှ စ၍ ဘားမားဘွိုင် မဂ္ဂဇင်းတွင် ဇာနည်ဘွား ဝတ္ထုကို စ ရေးခဲ့သည်။ အမျိုးသား ကျောင်းတွင် ခြောက်နှစ် နေပြီး ဆယ်တန်း အောင်စာရင်း စောင့်နေစဉ် လန်ဒန်အတ် မဂ္ဂဇင်း၌ ဇနဝ ကလောင် အမည်ဖြင့် ဝတ္ထုတပုဒ် ပါခဲ့သည်။ ၁၉၂၇ တွင် ၁ဝ တန်း အောင်မြင်ခဲ့ပြီး၊ ရန်ကုန် တက္ကသိုလ်သို့ ရောက်ရှိ ခဲ့သည်။ ၁၉၃ဝ ပြည့်တွင် ရန်ကုန် တက္ကသိုလ်မှ ထွက်ခဲ့သည်။


ဆရာ ဇဝနသည် ဆရာကြီး သခင် ကိုယ်တော်မှိုင်းနှင့် ပီမိုးနင်း တို့၏ စာပေများကို နှစ်သက်၍ အတုယူ ရေးသား ခဲ့သည်။ ကာတွန်း ဟိန်စွန်းနှင့် တွဲ၍ လာမယ် လာမယ် မကြည်ရဲ့ သီချင်းကို သရုပ်ဖော်သည့် ကာတွန်း ရုပ်ရှင်ကို တီထွင် ခဲ့သည်။   View More ...

ဇဝန ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us