နီကိုရဲ

စာရေးဆရာ နီကိုရဲအား ၁၉၆၆-ခုနှစ်၊ နိုဝင်ဘာလ၊ (၂) ရက်နေ့၊ ရန်ကုန်မြို့၌ အဖ ဦးတင်ဝင်းနှင့် အမိ ဒေါ်မြကြည်မှ မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ဦးအနက် အကြီးဆုံး ဖြစ်ပြီး အမည်ရင်းမှာ ရဲဝင်း ဖြစ်သည်။

စာရေးဆရာ နီကိုရဲ [၁၉၆၆-၂၀၀၉] ရေးသားခဲ့သည့် ဟာသနှောသော လူ့ဘဝ ဇာတ်စုံဇာတ်လမ်းများအနက် ဇွတ်၊ ရည်စားစာ (ဝတ္ထုတိုစု)၊ ကျနော်နှင့် လက်တွဲဖော်များ၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ သကြားနဲ့အသူရာ၊ စိတ်အိုင်ပက်သူ၊ မကြည်ပြာ၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ အစရှိသည့် ဝတ္တုများမှာ လူငယ်ထုကြား ရေပန်းစားသော ဝတ္ထုများဖြစ်သည်။ သူ၏ ဝတ္ထုများနှင့် သူရေးသားသည့် ရုပ်ရှင် ဗီဒီယို ဇာတ်ညွန်းတို့ကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က အရုပ် အသံများဖြင့် ဖော်ပြရိုက်ကူးရာ ပရိသတ်၏ အားပေးမှုကို အထူးရရှိ အောင်မြင်ခဲ့သည်။

အသက် (၂၇) နှစ်အရွယ်တွင် ရုပ်ရှင်အောင်လံ မဂ္ဂဇင်းတွင် "တိတ်ဆိတ်ခြင်း တံတားပေါ်မှာ" ဝတ္တုတိုဖြင့် စာပေလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ဟန်သစ်မဂ္ဂဇင်းတွင် ကြည်ပြာရောင်နဂ္ဂတစ်များ၊ ကျွန်တော်နှင့် ချစ်ခြင်းနဂ္ဂတစ်များ၊ အခန်းဆက်ရေးသားရင်းမှ နာမည်ကျော် စာရေးဆရာ တစ်ဦးဖြစ်လာခဲ့သည်။   View More ...

နီကိုရဲ ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us