မိုးမိုး(အင်းလျား)

စာရေးဆရာမ မိုးမိုး (အင်းလျား) ကို ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလတွင် အဖ ဦးထွန်း၊ အမိ ဒေါ်မြရှင်တို့မှ ပဲခူးတိုင်းဒေသကြီ:၊ ဒိုက်ဦးမြို့တွင် ဖွားမြင်သည်။ ၁၉၅၂ ခုနှစ်တွင် ဒိုက်ဦးမြို့ အစိုးရအထက်တန်းကျောင်းတွင် စတင်ပညာသင်ကြားသည်။ သတ္တမတန်းကျောင်းသူဘဝတွင် ကဗျာများ စတင်ရေးသားသည်။ ကျောင်းစာကြည့်တိုက်နှင့် နံရံကပ်စာစောင်ကော်မတီများတွင် အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ အထက်တန်းကျောင်းသူဘဝတွင် ခရိုင်အလိုက် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့သည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ၁၉၆၅ ခုနှစ်တွင် ရန်ကုန်ရှိ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် သင်္ချာအဓိကဖြင့် တက်ရောက်သင်ကြားသည်။ နေထိုင်ရာ အဆောင်အမည်ကို အစွဲပြု၍ မိုးမိုး (အင်းလျား) ဟူသော အမည်ဖြင့် ကဗျာ၊ ဆောင်းပါးများ စတင်ရေးသားသည်။ ၁၉၆၅ ခုနှစ်၊ မတ်လတွင် တိုင်းရင်းမေဂျာနယ်၌ 'ရွက်လှပန်လေးကိုယ့်ဘဝ' ကဗျာဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်သည်။

၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလမှစ၍ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၂၃) အခြေခံပညာမူလတန်းကျောင်းတွင် ဆရာမအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၆၉ နိုဝင်ဘာလ ၆ ရက်တွင် မျိုးညွန့် (စာပေလောက) နှင့် လက်ထပ်သည်။

၁၉၇၀ ခုနှစ်၊ မေလတွင် တိုင်းရင်းမေဂျာနယ်၌   View More ...

မိုးမိုး(အင်းလျား) ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us