ဂျာနယ်ကျော်မမလေး

မမလေးကို ဧရာဝတီတိုင်း ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ကမာကလူကျေးရွာ၌ အဖ ဦးပျားချို(ဒေါ်ဆင်ဘဏ်မန်နေဂျာ)၊ အမိ ဒေါ်ကွီ တို့က ၁၉၁၇ ခု ဧပြီလ ၁၃ ရက် သောကြာနေ့တွင် မွေးဖွားသည်။ မွေးချင်းငါးဦးအနက် စတုတ္ထမြောက် ဖြစ်သည်။ အမည်ရင်း မတင်လှိုင် ဖြစ်သည်။ ၁၉၂၂ ခုတွင် ဖျာပုံ အေဘီအမ် ကျောင်း၌ အစိုးရကျောင်းမှ ၁၉၂၇ ခုတွင် သတ္တမတန်းအောင်သည်။ ထို့နောက် ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း ရန်ကုန် မြို့မ အမျိုးသမီးကျောင်း၌ နဝမတန်း (၁၉၃၂) အထိ ပညာသင်ကြားခဲ့သည်။ ၁၉၃၈ ခုတွင် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာချုပ်ဦးချစ်မောင် နှင့် လက်ထပ်သည်။ ၁၉၄၆ ခု ဧပြီလ ၃ ရက်တွင် ခင်ပွန်း ဂျာနယ်ကျော် ဦးချစ်မောင် ကွယ်လွန်၍ သားနှစ်ဦးနှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။ ၁၉၅၉ ခု မေလ ၁၄ ရက်တွင် ဦးအောင်ဇေယျနှင့် အိမ်ထောင်ပြုသည်။

ဘိုကလေးမြို့ တို့ဗမာ အစည်းအရုံးတွင် အဖွဲ့ဝင်နှင့် တက်ခေတ်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ (၁၉၃၆ - ၃၇)၊ ဂျာနယ်ကျော် ထုတ်ဝေသူ၊ ဂျာနယ်ကျော်နှင့် ပြည်သူ့ဟစ်တိုင် သတင်းစာ အယ်ဒီတာ (၁၉၃၉)၊ အမျိုးသမီးကလောင်ရှင်အသင်း ဒုတိယဥက္ကဋ္ဌနှင့် ကလောင်ရှင်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ (၁၉၄၇)၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန   View More ...

ဂျာနယ်ကျော်မမလေး ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us