ပီမိုးနင်း
ဆရာပီမိုးနင်း၏ ရုပ်ရည်မှာ လွန်စွာထိုင်းမှိုင်း လေးကန်လေသည်။ အသားအရည် စိုနေပြီး အတော်ပင်ဝသည်။ သူသည် ကတုံးဗိုကေကလေးနှင့် ဖြစ်လေ၏။ အင်္ကျီလက်တို ကော်လန်ကလေးဝတ်ထား၍ အပေါ်အင်္ကျီမပါ ရခိုင်လုံချည် အနီနှင့်အစိမ်းကွက်ကို ဝတ်ဆင်ထားလေသည်။ လက်တအုပ်ခန့်ရှိ အပြားရှိသော ခါးပတ်စိမ်းကြီးမှာ သူ၏တုတ်ခိုင်သောခါးတွင် ရေစည်သံပတ်ကြီးကဲ့သို့ ထင်ရှားစွာ ပေါ်လျက်ရှိပေသည်။ သူ့ရုပ်ကိုကြည့်လျှင် တရုတ်ကပြားကြီးနှင့် တူလေသည်။
ကျွန်ုပ်သည် ၁၂၄၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၆ ရက် တနင်္လာနေ့ နံနက် ၉ နာရီ၊ ဆွမ်းတော်ဗျို့ ဟု အော်ပြီး ဘုန်းကြီးကျောင်းသားကလေးများ ဆွမ်းခံသောအချိန်၌ မွေးဖွားခဲ့လေသည်။ ကျွန်ုပ်ကို ဖွားမြင်သော ထိုနေ့နံနက်၌ မိုးနှင်းများ ထူထပ်စွာ ကျရောက်နေရကား အချိန် ၉ နာရီ၊ ၁ဝ နာရီ ထိသည်တိုင်အောင် နေရောင်ခြည်ကို ကောင်းစွာ မမြင်ရချေ။ ထိုမျှ ထူထပ်စွာ ကျရောက်နေသော မိုးနှင်းများကို အစွဲပြု၍ ကျွန်ုပ်အား မိုးနှင်း ဟူသော အမည်ဖြင့် ရပ်ရွာက အသိအမှတ်အမည်ပေးကာ ခေါ်ဝေါ်ခဲ့ကြလေသည်။'
မြန်မာ စာဖတ် ပရိသတ်၏ စိတ်နှလုံးကို ယခုထက် တိုင်အောင်ပင် ယူကျုံး စွဲမက်လျက် ရှိစေသည့် ဝတ္ထုရှည်၊ ဝတ္ထုတို အမြောက်အမြား၊ ဆောင်းပါး၊ ကဗျာ အမျိုးမျိ View More ...

ပီမိုးနင်း ၏ စာအုပ်များ