တက္ကသိုလ်နေဝင်း

တက္ကသိုလ်နေဝင်း (၁၉၁၈-၁၉၉၇) သည် မြန်မာအမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ ၁၉၁၈ - ခုနှစ်၊ မေလ(၂၅)ရက်နေ့တွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၌ အဖ-အရေးပိုင် ဦးဘိုးရင်၊ အမိ-ဒေါ်အမာတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဦးထွန်းလှအောင်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲတာဝန် ကိုထမ်းဆောင်ခဲ့ရာ ဗိုလ်ထွန်းလှဟု အမည်တွင်ခဲ့သည်။ စစ်ကြိုခေတ်ကာလတွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ရခဲ့သည်။

၁၉၃၆ - ဒဂုန်မဂ္ဂဇင်းပါ "အမြွှာညီနောင်" ဝတ္ထုတိုဖြင့် စာပေနယ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် မြန်မာစာအသင်းကြီးက ကြီးမှူးကျင်းပသော ဝတ္ထုတိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည်။ ၁၉၃၆-ခုနှစ် ကျောင်းသားသပိတ်နှင့် ၁၃၀၀-ပြည့် အရေးတော်ပုံမှစ၍ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအဆင့်ဆင့်တွင် ပါဝင်ခဲ့ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲအဖြစ် ခေါင်းဆောင်ကြီးများကျဆုံးချိန်အထိ တာဝန်ထမ်းခဲ့သည်။ စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် သမဂ္ဂထုတ် "အိုးဝေ"မဂ္ဂဇင်းတွင် အယ်ဒီတာအဖွဲ့ဝင် ဖြစ်သည်။ ၁၉၄၅ - စစ်ပြီးခေတ် "အိုးဝေသတင်းစာ" တွင် အယ်ဒီတာချုပ် စသည်ဖြင့် စာပေတာဝန်များထမ်းဆောင်ခဲ့သည်။ ထ   View More ...

တက္ကသိုလ်နေဝင်း ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us