နတ်နွယ်

စာရေးဆရာနတ်နွယ် သည် အမျိုးသား စာပေဆုရ မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦး ဖြစ်သည်။ စာရေးဆရာ နတ်နွယ်ကို ဦးဘဝမ်း၊ ဒေါ်စောလုံတို့က ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ ဦးလှမြင့်ဖြစ်သည်။ မြစ်ကြီးနားမြို့ စောင်းဖန်းအထက်တန်းကျောင်း၊ မန္တလေးမြို့ ဗုဒ္ဓဘာသာသာသနာ့နုဂ္ဂဟ အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့သည်။

စာပေနယ်သို့ ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၂၈ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းကဏ္ဍပါ"ကျောင်းသူမ" ကဗျာဖြင့် စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဆောင်းပါး၊ ဝတ္ထု၊ ဝေဖန်စာနှင့်ဘာသာပြန်များ ဆက်တိုက်ရေးသားခဲ့ရာ ပင်ကိုယ်ရေးလုံးချင်းဝတ္ထု ၁၀ဝ ကျော်နှင့် ဘာသာပြန် လုံးချင်းဝတ္ထုပေါင်း ၂၀ ကျော် ဘာသာပြန်ဆို ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလထုတ် "မိုးထဲလေထဲ"မှစ၍ ရေးသားခဲ့သောလုံးချင်းဝတ္ထုများအနက် အပြာ(၁၉၅၆၊ ဖေဖော်ဝါရီ)၊ အဝါ (၁၉၆၀၊ စက်တင်ဘာ)၊ တစ်ကွေ့တော့တွေ့ကြဦးမည် (၁၉၆၃၊ အောက်တိုဘာ)၊ တံခွန်တိုင်မောင်နှမများ (၁၉၇၂၊ စက်တင်ဘာ)နှင့် မြန်မာပြည်မြောက်ပိုင်း (ပထမတွဲ) (၁၉၆၆၊ ဩဂုတ်)(ဒုတိယတွဲ) (၁၉၆၇၊ ဒီဇင်ဘာလ) တို့မှာ ဆရာနတ်   View More ...

နတ်နွယ် ၏ စာအုပ်များ

Are you an author? Help us improve our Author Pages by updating your bibliography and submitting a new or current image and biography.
Feedback  | About Us