အနေခက်အောင်ကူညီကြသူများ

Nov 30, 2011

by နန္ဒာသိန်းဇံ

 0.00 - 0 ratings - 0 reviews
ထုတ်ဝေသူ၏ အမှာ
ဆရာနန္ဒသိန်းဇံ၏ အတွေးအမြင် စာစုတွေထဲက ပြောကြ ဆိုကြသူတွေရဲ့ စကားတွေဟာ လူကို အနေရကျပ်သွားအောင် အနေရခက်သွားအောင် ပြောနေသလိုပါပဲ။ “လျော်ညီစွာနဲ့” ဆိုတဲ့ စာစုထဲက ပြောသလို Form နဲ့ Function ညီအောင် နေဖို့ကလည်း ခက်မှခက်ပါပဲ။ “အကျည်းတန်လက်တွဲဖော်” စာစုထဲကလို အကျည်းတန်လှတဲ့ ဒုက္ခနဲ့ ဘဝမှာ လာတွေ့ရင်လည်း အနေရခက်မှာပါပဲ။ “နှစ်လိုဖွယ်ကောင်းတဲ့သူ” စာစုထဲကလို အကျင့်စရိုက်ကောင်းသူဖြစ်ဖို့ ဆိုတာကလည်း တော်တော်ကြီးကို ဘဝမှာ ခက်ခက်ခဲခဲ ကြိုးစားမှ ဖြစ်နိုင်မှာ မဟုတ်လား။ “ပြောတော့ ပြောတတ်ကြတာပဲ” ... စာစုထဲကလို အပြောလွယ်သလောက် အလုပ်ကျတော့ ခက်ခဲပုံကို မြင်မိပါတယ်။ ဆက်ဖတ်ကြည့်မိတဲ့ တခြားစာစုထဲက ပြောကြသူတွေရဲ့ စကားတွေဟာလည်း လူကို အနေခက်စေတဲ့ စကားတွေ ဖြစ်နေပါတယ်။
ဒါပေမဲ့... အသေအချာ ပြန်တွေးကြည့်တဲ့အခါမှာ ဆရာနန္ဒသိန်းဇံရဲ့ စာစုတွေထဲက ပြောကြသူတွေရဲ့ စကားတွေဟာ လူကိုဘဝမှာ ပေါ့ပေါ့တန်တန် လွယ်လွယ်ကူကူနဲ့ ဖြစ်သလိုမနေဘဲဘဝကို လေးလေးနက်နက် အဓိပ္ပာယ်ရှိရှိ နေဖို့အတွက် အားပေးကူညီ ပြောဆိုနေတဲ့ စကားတွေအဖြစ် ပြန်လည်ထင်မြင် ခံစားလာမိပါတယ်။ ဒါကြောင့် ဆရာ့ရဲ့ စာစုများကို “အနေခက်အောင်ကူညီကြသူများ” ဆိုတဲ့ ခေါင်းစဉ်ပေးပြီး ထုတ်ဝေလိုက်ခြင်း ဖြစ်ပါတယ်။


Reviews

Id Photo Reviews
နန္ဒာသိန်းဇံ ၏ စာအုပ်များ

Readers

Feedback  | About Us