စိတ်အဆင့်မြင့်တက်ခြင်းသဘာဝ
Feb 28, 1975
by နန္ဒာသိန်းဇံ
0.00 - 0 ratings - 0 reviews
အမှာ
ပါမောက္ခဦးဖေအောင်၏ “စိတ်အဆင့်ဆင့်မြင့်တက်ခြင်းသဘာဝ” ကျမ်းသည် ၁၉၅၀-၅၁ ခုနှစ်က မဟာဝိဇ္ဇာဘွဲ့အတွက် အင်္ဂလိပ်ဘာသာဖြင့် ပြုစုခဲ့သော ကျမ်းဖြစ်ပါသည်။
ထိုကျမ်းကို ၁၉၅၇ ခုနှစ်လောက်က မြန်မာဘာသာသို့ ပြန်ဆိုခဲ့ဖူး၏။ သို့ရာတွင် ပုဂ္ဂိုလ်အများအပြား၏ တိုက်တွန်းချက်၊ အကြံပြုချက်အရ ထိုကျမ်းကို ယခုတစ်ဖန် မြန်မာဘာသာသို့ထပ်မံ ပြန်ဆိုခြင်းဖြစ်ပါသည်။
ဤကျမ်းကို ပြန်ဆိုရာ၌ ပါမောက္ခ၏ ဆန္ဒအရ အချို့သောအချတ်အလက်များကို ထပ်မံ စီစဉ်ခြင်းပြုပါသည်။ ပြန်ဆိုရာ၌ စကားအသုံးအနှုံးများ မှားယွင်းမှု နည်းစေရန် မူလ မှီငြမ်းပြုကျမ်းများဖြစ်သော ဝိသုဒ္ဓိမဂ် အစရှိသော ကျမ်းများနှင့် ညှိနှိုင်းတိုက်ဆိုင်ခြင်းလည်း ပြုပါသည်။ ဤကျမ်း၌ ဗုဒ္ဓ၏ သမထကျင့်စဉ်ကို အားထုတ်ခြင်းဖြင့် စိတ်အဆင့်ဆင့် မြင့်တက်နိုင်ပုံကို အထူးပြု ဖော်ပြထားခြင်းဖြစ်ပါသည်။
ဗုဒ္ဓ၏ သမထကျင့်စဉ်များသည် ပဓာနအားဖြင့် စိတ်၏ခိုင်ခံ့ တည်ကြည် စင်ကြယ်မှု (စိတ္တဝိသုဒ္ဓိ)ရရှိရေး(ဝါ) လောကီ သမာဓိရရှိရေးနှင့် နောင်တွင် နိဗ္ဗာန်တည်းဟူသောပရမတ္ထ သဘာဝကိုထွင်းဖောက်သိမြင်မျက်မှောက်ပြုနိုင်ရေးအတွက်ပင်ဖြစ်သည်။
ဇာတကများနှင့် အခြားသုတ္တန်များကို ထောက်၍ ဗုဒ္ဓသည် ဘုရားမဖြစ်မီ ရှေးဘဝတို့၌ သမထကျင့်စဉ်များကို များစွာအားထုတ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ လောကီသမာဓိတို့ကို ရရှိစေနိုင်သော သမထကျင့်စဉ်များသည် ဗုဒ္ဓလောင်းလျာအတွက် အရေးကြီးသည်ဟု ယူဆရပါမည်။ ထိုသမထကျင့်စဉ်များကို များစွာ လေ့ကျင့် အားထုတ်ခဲ့ဖူးသော အကျိုးဆက်ရှိခဲ့၍ တန်ခိုးအဘိညာဉ် အလုံးစုံကို ရရှိမှသာလျှင် ဗုဒ္ဓအဖို့ ရိုင်းစိုင်း ကြမ်းကြုတ်သော ခက်ထန်သော သတ္တဝါတို့ကို ဆုံးမကယ်ချွတ်ရန် ဖြစ်နိုင်ပေလိမ့်မည်။ ထို့ပြင် ပုဂ္ဂိုလ် သတ္တဝါအသီးသီးရှိ ပါရမီ၊ စရိုက်၊ အထုံဝသီ၊ စိတ်ထား အနုအရင့်စသည့် စိတ်အခြေအနေ၊ ဘဝအခြေအနေတို့ကို သိမြင်နိုင်သောအစွမ်းသတ္တိ အဘိညာဉ်တို့ရှိပါမှ သင့်လျော်သော ကမ္မဋ္ဌာန်းကိုပေးခြင်း၊ သင့်လျော်သော တရားဓမ္မကို ဟောကြားကယ်ချွတ်ခြင်းတို့ကို ပြုနိုင်မည် ဖြစ်လေသည်။
ဗုဒ္ဓလက်ထက်အခါက ရဟန်းတော်များစွာတို့သည် သမထကျင့်စဉ်များကို ဘဝထိုထိုတို့တွင်အားထုတ်ခဲ့ဖူး၍ ဈာန်အဘိညာဉ် အလုံးစုံကို ဘ၀ထိုထိုတို့တွင် ရရှိခဲ့ကြပြီး ယခုဘဝတွင် ဝိပဿနာသို့ ကူးကြသော အခါတွင် အရဟတ္တမဂ်-အရဟတ္တဖိုလ်တို့ကို ဈာန်အဘိညာဉ်များနှင့်တကွ ရရှိတော်မူကြပေသည်။ စင်စစ်ဈာန်အဘိညာဉ်တို့နှင့် အရဟတ္တမဂ်ဉာဏ်အရ ဟတ္တဖိုလ်ဉာဏ်ပညာတို့ကိုပါ ရရှိသော ရဟန်းတော်များရှိခြင်းသည် ဗုဒ္ဓသာသနာတော် ခိုင်ရည်တည်တံ့ရေးအတွက် များစွာအထောက်အကူ ပြုနိုင်မည် ဖြစ်လေသည်။
ဤကျမ်း၌ သမထနှင့် ဝိပဿနာတို့၏ ခြားနားပုံကိုလည်းကောင်း၊ စိတ်၏စွမ်းအင်သတ္တိ အဘိညာဉ်တို့ကို ရလိုပါက မည်သည့် သမထကျင့်စဉ်မျိုးကို အားထုတ်လေ့ကျင့်ရသည် ကိုလည်းကောင်း၊ ထိုသို့ အားထုတ်လေ့ကျင့်ရာ၌ စိတ်၏ တည်ငြိမ်ခိုင်ခံ့မှု သမာဓိအဆင့်ဆင့်ဈာန်အဆင့်ဆင့်တို့ မည်သို့ မြင့်တက်ပုံကို လည်းကောင်း၊ သမထကျင့်စဉ်မှ ရလာသော စိတ်စူးစိုက်ခိုင်ခံ့မှုသည် နေ့စဉ် လူမှုဘဝအတွက် မည်သို့သော အကျိုးသက်ရောက်မှုများ ရှိနိုင်သည်ကိုလည်ကောင်း၊ အဆုံးစွန်အားဖြင့် စိတ်၏ တည်ငြိမ် ခိုင်ခံ့မှုကို အခြေပြု၍ ဘဝလွတ်မြောက်ရေးကို မည်သို့ရရှိနိုင်သည်ကို လည်းကောင်း ဖော်ပြထားသည်ကို တွေ့နိုင်မည် ဖြစ်ပါသည်။
နန္ဒာသိန်းဇံ

Reviews
Id | Photo | Reviews |
---|