ခိုးခိုးခစ်ခစ်

Mar 01, 2009

by မင်းလူ

 0.00 - 0 ratings - 0 reviews
အမှာစာ
ကျွန်တော်သည် တောမကျ မြို့မကျ ရပ်ကွက်တစ်ခုအတွင်းမှ ခွကျကျ ဖြစ်ရပ်များကို ဟာသနှော၍ ဝတ္ထုတိုများ ရေးသားခဲ့ပါသည်။ သင့်တော် သော ပုဒ်ရေ ရရှိသောအခါ စုပေါင်း၍ စာအုပ်အဖြစ် ထုတ်ဝေခဲ့ဖူး ပါသည်။ ကျွန်တော့်၏ အကျင့်အတိုင်း တစ်ပုဒ် ရေးပြီး ဟိုယောင် ဒီယောင် လုပ်နေခဲ့သဖြင့် လေး ငါး ခြောက်လ နေမှ နောက်တစ်ပုဒ် ရေးဖြစ်သည်။ ထိုအခါ စာအုပ်တစ်အုပ်စာ ရဖို့ တမေ့တမော ကြာ သွားရလေတော့သည်။
ထို့ကြောင့် ပင်တိုင် ဇာတ်ဆောင်များ ပါဝင်၍ လုံးချင်းဝတ္ထု အဖြစ် တစ်ခါတည်း ရေးလိုက်လျှင် ပိုမြန်လိမ့်မည်ဟု ယူဆပြီး ဤစာအုပ်ကို ရေးပါသည်။ တကယ်တမ်းကျတော့ ထင်သလို မဟုတ် ပါ။ များပြားလှသော ဇာတ်ဆောင်တို့၏ ကိုယ်ပိုင်စရိုက် သဘာဝ များကို သီးခြားစီ ရှိနေသော အဖြစ်အပျက်များကို လိုက်လျောညီထွေ ရှိအောင် ပေါင်းစည်းချိတ်ဆက်ရတာ မလွယ်ကူလှပါ။
ဒီလိုနှင့်ပဲ ထုံးစံအတိုင်း နှောင့်နှေးကြန့်ကြာသွားခဲ့ရပြန်ပါ သည်။ တချို့နေရာများတွင် ဇာတ်ကောင်စရိုက်ကို ပိုမိုပီပြင်စေရန် ဝတ္ထုတိုများထဲမှ အချက်အလက် တစ်ကွက်တလေကို ပြန်လည်အသုံး ပြုခဲ့ရပါသည်။
စာအုပ်တစ်အုပ် ရေးလို့ ပြီးသွားခြင်းသည် ခရီးပန်းတိုင်ကို ရောက်သွားခြင်း မဟုတ်။ ခရီးတစ်ခု စတင်ဖို့ ကြိုတင်ပြင်ဆင်ခြင်း သာ ဖြစ်သည်ဟု ထင်၏။ ထိုခရီးကို ကျေးဇူးရှင် စာဖတ်ပရိသတ် နှင့်အတူ ဆက်လက် ချီတက်ရဦးမည် ဖြစ်ပါသည်။
ရိုသေလေးစားလျှက်
မင်းလူ


Reviews

Id Photo Reviews
မင်းလူ ၏ စာအုပ်များ

Feedback  | About Us